ကျီးတွေက ဘယ်လောက် ဉာဏ်ထက်မြက်ကြလဲ။
1,400,161 plays|
Katharina Brecht |
TED-Ed
• August 2025
အီစွပ် ပုံပြင်တစ်ပုဒ်ထဲမှာ ကျီးတစ်ကောင်က ရေ ရှာနေတယ်။ ကျီးက ကရားတစ်လုံးကို မြင်မိပေမဲ့၊ အတွင်းက ရေက အလှမ်းမမီဖြစ်နေတယ်။ ဒါကြောင့် ကျီးက ကျောက်စရစ်ခဲတွေကို ပစ်ချတယ်။ တစ်ခဲပြီးတစ်ခဲ၊ ကျောက်ခဲတွေက ရေရဲ့ နေရာကို ဝင်ယူကြတော့ ကျီးက ရေငတ်ပြေသွားတယ်။ ဒါက ကျီးမျိုးနွယ်တွေဆီက စိတ်ဝင်စားစရာ ဉာဏ်ရည်ဉာဏ်သွေး ပြသမှုများစွာထဲက တစ်ခုသာပါ။ Katharina Brecht ကနေပြီး ဒီရဲရင့်၊ ထက်မြက်တဲ့ တေးသီငှက် မျိူးနွယ်စုကို ဉာဏ်ထက်မြက်စေတာကို စူးစမ်းထားတာပါ။ [ Irida Zhonga က ရိုက်ကူးပြီး Pen-Pen Chen က ဇာတ်ကြောင်းပြောကာ Phil Brookes က တေးဂီတကို ဖန်တီးထားပါတယ်။ ]