ယာယီသုံး ဆိုင်းဘုတ်တွေရဲ့ အမှတ်မထင် ပညာသားပါမှု
331,619 plays|
Kate Canales |
TEDNext 2025
• November 2025
နေ့စဥ်သုံး ပစ္စည်းတွေရဲ့ ဒီဇိုင်းက ဆိုလိုတာနဲ့ လွဲနေတဲ့အခါ ဘာဖြစ်သွားတတ်လဲ။ လူတွေက ကွက်လပ်ဖြည့်လိုက်ကြတာပါ။ ဒီဇိုင်နာ၊ ကိတ် ကာနာလေ့စ်ကနေပြီး၊ မူလ ဒီဇိုင်းက မျှော်လင့်သလို ဖြစ်မလာတဲ့အခါ၊ ပေါ်လာတတ်တဲ့ လက်လုပ်၊ ဖြစ်သလို ဖန်တီးထားတဲ့ ဆိုင်းဘုတ်တွေကို ဓာတ်ပုံရိုက်ရင်း အနှစ် ၂၀ ကျော် အချိန်ကုန်ဆုံးခဲ့တယ်။ စိတ်ရှုပ်စရာ သန့်စင်ခန်း လမ်းညွှန်တွေကနေ တံခါးတွေနဲ့ အရောင်းစာရင်းမှတ်စက်တွေနဲ့ ဗျာများနေရတာအထိ၊ သူ့ရဲ့ ဓာတ်ပုံတွေက၊ လူသားတွေရဲ့ အချင်းချင်း ဖေးမကူညီတတ်ပြီး လမ်းညွှန်တချို့ ချန်ရစ်ထားတတ်တဲ့ ပင်ကိုဗီဇဖြစ်တဲ့၊ နည်းပညာက အစားထိုးလို့မရတာ တစ်ခုခုကို အမိအရ ရိုက်ကူးထားတာပါ။
