ကလေးတစ်ယောက် လိမ်ပြောနေလားဆိုသိတာ တကယ်သိနိုင်လား။
ကလေးတွေဟာ လိမ်လည်ပြောဆိုရာမှာ ညံ့သူတွေလား။သူတို့လိမ်တာတွေကို အလွယ်တကူပဲ သိမြင်နိုင်ပါတယ်လို့ သင်ထင်ပါသလား။ ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာ သုသေသီ Kang Lee ဟာ ကလေးတွေ လိမ်ပြောတဲ့အခါ ဇီဝကမ္မဗေဒပိုင်းအရ ဖြစ်ပေါ်တာကို လေ့လာပါတယ်။ သူတို့ဟာ အသက် နှစ်နှစ်သားအရွယ်လောက်ကနေ ဒါကို အတော်လုပ်ကြပြီး ဒီနေရာမှာ တကယ့်ကို တော်ကြပါတယ်။ Lee ကနေပြီး ကလေးတွေ စတင်လိမ်တဲ့အချိန်မှာ ဘာကြောင့် ချီးကျူးဂုဏ်ပြုသင့်တယ်ဆိုတာကို ရှင်းလင်းပြထားပြီး တစ်နေ့နေ့မှာ ကျွန်တော်တို့ရဲ့ ပုန်းကွယ်နေတဲ့ စိတ်ခံစားမှုတွေကို ထုတ်ဖော်နိုင်လောက်တဲ့ အလိမ်ဖော်တဲ့ နည်းပညာ အသစ်ကို တင်ပြထားပါတယ်။
