ငြိမ်းချမ်းဖို့ ဘယ်လိုလုပ်ကြမလဲ။ စိတ်ဆိုးလိုက်ပါ။
အိန္ဒိယနိုင်ငံက ဇာတ်မြင့်အသိုင်းအဝိုင်းကနေ မွေးဖွားလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ကလေးငယ်ပေါင်း ၈၃၀၀၀ ကို ကျွန်ပြုမှုကနေ ဘယ်လိုများလွတ်မြောက်စေခဲ့ပါလိမ့်။ နိုဘယ်ဆုရှင် Kailash Satyarthi ကနေ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်ဖို့ ပြောင်းလဲချင်သူတွေအတွက် အံ့ဩဖွယ်ရာ အကြံပေးချက်တစ်ခုကို ကမ်းလှမ်းထားပါတယ်။ တရားမျှတမှုမရှိတာကို ဒေါသထွက်လိုက်ပါတဲ့လေ။ ဒီဩဇာလွှမ်းတဲ့ ဟောပြောချက်ထဲမှာ တစ်သက်တာလုံး ငြိမ်းချမ်းမှုဟာ တစ်သက်တာလုံး ဒေါသထွက်မှုကနေ ဘယ်လိုရုန်းကန်အားသတ္တိရှိတယ်ဆိုတာကို ပြဆိုထားပါတယ်။

