အကြမ်းမဖက်ဘဲ အမျိုးသမီးတွေ ပဋိပက္ခကို တိုက်ပွဲဆင်ကြပုံ။
သင်ဟာ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ရည်စူးနေလား။ ဒီမှာက သင်သိသင့်တဲ့ ကိန်းဂဏန်းအချက်အလက်ပါ။ အကြမ်းမဖက်တဲ့ လှုံ့ဆော်ပွဲတွေဟာ အကြမ်းဖက်တာတွေထက် အဆ ၁၀၀ ပိုအောင်မြင်နိုင်ဖွယ်ရှိပါတယ်။ ဒီတော့ ပဋိပက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အကြမ်းမဖက်ရေးနည်းကို ပိုများတဲ့အဖွဲ့တွေ ဘာလို့ မသုံးကြတာလဲ။ ရုပ်ရှင်ထုတ်လုပ်သူ Julia Bacha ကနေပြီး အမျိုးသမီးတွေ ပါဝင်တဲ့ အရေးပါတဲ့ ခေါင်းဆောင်မှု အကြောင်း မျက်စိဖွင့်ပေးတဲ့ သုတေသန အပါအဝင် ထိရောက်တဲ့ အကြမ်းမဖက်တဲ့ ခုခံနည်းကို မျှဝေထားပါတယ်။

