အမှန်နဲ့ အမှား အသိကို နည်းပညာက ပြောင်းလဲပေးပုံ။
လူ့အဖွဲ့အစည်းရဲ့ အမှန်နဲ့ အမှားကို သိမြင်နားလည်ခြင်းကို ဘာက မောင်းနှင်ပေးတာလဲ။
ဒီအတွေးပွားစရာ ဟောပြောချက်ထဲမှာJuan Enriquez ကနေပြီး လူသားတွေ တစ်ခါက လက်ခံနိုင်ဖွယ်ရှိတယ်လို့ ယူဆခဲ့တဲ့ သမိုင်းအခြေခံတဲ့ အမြင်တစ်ခုကို တင်ပြထားပါတယ်။ လူသား ယဇ်ပူဇော်မှုနဲ့ လူမြင်ကွင်းမှာ ကွပ်မျက်မှု၊ ကျွန်စနစ်ကနေ အသားစားတဲ့ အထိ နည်းပညာအတွင်းက အံ့မခန်း တိုးတက်မှုတွေက နောက်ထပ် ကျင့်ဝတ်ဆိုင်ရာ အပြုအမူဆီ ဦးတည်စေတယ်ဆိုတဲ့ အံ့ဩစရာ အခြေအနေတစ်ရပ်ကို တင်ပြလိုက်ခြင်းပါ။

