ကျုပ်တို့ အကြားအာရုံရဲ့ လှပဆန်းကျယ်တဲ့ သိပ္ပံပညာ
ကျုပ်တို့ရဲ့ နားတွေ အလုပ်လုပ်ကြပုံကို ခင်ဗျားတို့ တခါဘူးမျှ စဉ်းစားခဲ့ဘူးသလား။ ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ ဒီဟောပြောချက်ထဲမှာ ဇီဝရူပဗေဒ ပညာရှင် Jim Hudspeth ကနေပြီး နားထဲက သေးနုပ်လှတဲ့ ဆံမျှင်ဆဲလ်တွေရဲ့ အံ့ဖွယ် ရိုးရှင်းပြီး တချိန်တည်းမှာ အံ့ဩဖွယ် စွမ်းထက်တဲ့ ကြားနိုင်စွမ်းကို တင်ဆက်ပေးထားကာ တကယ့်ကို လုံးဝ တိတ်ဆိတ်နေချိန်မှာ ကျုပ်တို့ရဲ့ နားတွေက ကိုယ်ပိုင် အသံမျိုးစုံကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိတာကိုပါ ရှင်းပြထားပါတယ်။
