ရေအောက် ဥမင်များရဲ့ လျှို့ဝှက်ဆန်းကျယ်သော ကမ္ဘာ။
ဥမင် ရေငုပ်သမား Jill Heinerth ဟာ ကျွန်တော်တို့ ဂြိုဟ်ကမ္ဘာကို ဖြတ်ပြီး စီဆင်းနေတဲ့ မြင်မရတဲ့ ရေအောက် ရေကြောင်းများကို စူးစမ်းလေ့လာပါတယ်။ ဇီဝဗေဒပညာရှင်တွေ၊ ရာသီဥတုပညာရှင်တွေ၊ ရှေးဟောင်း သုသေသနပညာရှင်တွေနဲ့ တွဲကာလုပ်ကိုင်ပြီး Heinerth ဟာ ကမ္ဘာမြေကြီးရဲ့ အဝေးလံဆုံးသောနေရာတွေမှာ မှီတင်းနေထိုင်တဲ့ သက်ရှိပုံသဏ္ဍာန်တွေကို ဖြေပြထားပြီး သုသေသီတွေကို ရာသီဥတုပြောင်းလဲမှုရဲ့ သမိုင်းကို ဖော်ထုတ်ရာမှာ ကူညီပေးပါတယ်။ ဒီဟောပြောချက် အတိုလေးမှာ လှိုင်းတွေအောက်ကို ငုပ်ဆင်းပြီး အတွင်းပိုင်းနေရာရဲ့ အံ့သြဖွယ်ရာတွေကို စူးစမ်းလိုက်ပါဦး။

