CRISPR ရဲ့ နောက်ထပ် တိုးတက်မှုက ထင်ထားတာထက် ပိုကြီးမားပါတယ်
သက်ရှိ ဇီဝရုပ်တွေရဲ့ DNA ကို တည်းဖြတ်နိုင်စေတဲ့ အလှည့်အပြောင်းဖြစ်စေတဲ့ နည်းပညာတစ်ခုဖြစ်တဲ့ CRISPR အကြောင်းကို သင်တို့ ကြားဖူးကြမှာပါ။ ဇီဝဓာတုဗေဒပညာရှင်နဲ့ ၂၀၂၃ Audacious Project ရဲ့ ပံ့ပိုးကူညီမှုရရှိသူ ဂျနီဖာ ဒေါ့ဒ်နာဟာ ဒီနယ်ပယ်မှာ ထူးခြားပြောင်မြောက်တဲ့ အလုပ်ကြောင့် နိုဘယ်ဆု ရရှိခဲ့ပြီး အခုအခါမှာတော့ သူက ကမ္ဘာကြီးကို ပြောင်းလဲစေမယ့် ဒီနည်းပညာရဲ့ နောက်ထပ် တိုးတက်မှုအဆင့်အကြောင်းကို ပြောပြဖို့ ရောက်ရှိနေတာပါ။ Innovative Genomics Institute က သူ့ရဲ့အဖွဲ့ဟာ ပန်းနာရင်ကျပ်၊ အယ်လ်ဇိုင်းမားနဲ့ ရာသီဥတုပြောင်းလဲမှုလိုမျိုး ကျော်လွှားရခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ CRISPR ကို အသုံးပြုပြီး "တိကျသော အဏုဇီဝပိုးမွှားစု တည်းဖြတ်ခြင်း" ဆိုတဲ့ သိပ္ပံနယ်ပယ်အသစ်တစ်ခုကို ရှေ့ဆောင်လမ်းပြနေပုံကို ရှင်းပြပေးသွားမှာပါ။ (ဤရည်မှန်းချက်ကြီးမားသော အစီအစဉ်သည် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများကို လှုံ့ဆော်ပေးရန်နှင့် ရန်ပုံငွေ ပံ့ပိုးပေးရန် လုပ်ဆောင်နေသော TED ၏ Audacious Project အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။)
