မီးယပ်သွေးဆုံးချိန်မှာ ခန္ဓာကိုယ်က ဘာတွေဖြစ်လာလဲ။
သွေးဆုံးခါနီးမှာ အရှက်နဲ့ ဝေ့လည်နေတဲ့ အကြောက်တရားတွေကို ဖျောက်ဖျက်ပြီး ခန္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အတိအကျနားလည်ဖို့ အချိန်ရောက်ပါပြီ။ ဒေါက်တာ Jen Gunter ကနေပြီး ဒီ တကယ့်ကို ပုံမှန်ဖြစ်တဲဲ့ အကူးအပြောင်းရဲ့ ဇီဝဗေဒကို ဖြတ်သန်းပြီး သွေးဆုံးတာရဲ့ ကွဲပြားပြီး စိတ်တိုစရာကောင်းတဲ့ လက္ခဏာတွေကို လျှော့ချဖို့ အကောင်းဆုံး သင်လုပ်နိုင်တာနဲ့ မလုပ်နိုင်တာ တချို့ကို မျှဝေထားပါတယ်။ သင့်ခန္ဓာကိုယ်အလုပ်လုပ်ပုံအကြောင်း ပိုမိုသိရှိလိုပါက TED Audio Collective မှ Body Stuff with Dr. Jen Gunter ကို ဖွင့်ကြည့်လိုက်ပါ။
