ဒီအက်ပ်နဲ့ဆို အမှိုက်ကောက်ရတာ ပျော်စရာကြီးပါ
ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးကို သန့်ရှင်းအောင် ထားကြရပါမယ်။ Litterati ဆိုတဲ့ အမှိုက်ကို ဖေါ်ထုတ်ပေးရန်၊ ကောက်ယူရန် နဲ့ ဘူမိတံဆိပ် တပ်ပေးနိုင်တဲ့ အက်ပ်ကို အသုံးပြုပြီး TED ကိုယ်စားလှယ် Jeff Kirschner ဟာ ကမ္ဘာကြီးကို သန့်ရှင်းအောင် လုပ်ပေးနေတဲ့ လူအုပ်စုရင်းမြစ် ဖြစ်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းကို တီထွင်ပေးလိုက်ပါတယ်။ နိုင်ငံ ၁၀၀ ကျော်တို့အထဲက အမှိုက်တွေကို ခြေရာခံပြီးတဲ့ နောက်မှာ Kirschner ဟာ နာမည်ကြီး ကုမ္ပဏီကြီးများနှင့် အဖွဲ့အစည်းများနဲ့ လက်တွဲပြီး အမှိုက်တွေ မြေကြီးပေါ် ကျမလာအောင် ရပ်တန့်ပစ်ဖို့ သူစုစည်းထားတဲ့ ဒေတာကို သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
