ယခု မျိုးဆက်အတွင်းမှာ ကျွန်ုပ်တို့ရဲ့ ပျမ်းမျှသက်တမ်းထဲကို နောက်ထပ် အနှစ်(၃၀) ပေါင်းပေးနိူင်ခဲ့ပါပြီ။ ဒီနှစ်တွေဆိုတာဟာ မှတ်တမ်းတင်စရာ အချက်တစ်ချက်ပဲ ဒါမှမဟုတ် ဖောက်ပြန်နေတဲ့ မူမမှန်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ ဒီပြောဆို ဆွေးနွေးမှုမှာ ဂျိန်း(န်) ဖွန်ဒါက ကျွန်တော်တို့ ဘဝတွေရဲ့ ဒီပြောင်းလဲတိုးတက်မှု အသစ်နဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့တွေ ဘယ်လို စဉ်းစားမိကြသလဲဆိုတာကို မေးမြန်းထားပါတယ်။ (TEDxWomen တွင်ရိုက်ကူးထားပါသည်။)

