အကြမ်းမဖက်ဘဲ ထိရောက်စွာ ခုခံမှုရဲ့ လျှို့ဝှက်ချက်။
"အကြမ်းဖက်မှုဟာ လူ့ကျင့်ဝတ်အရ မှားယွင်းနေပါတယ်လို့ ပြောခြင်းအားဖြင့်တော့ ကျွန်မတို့ အကြမ်းဖက်ခြင်းကို အဆုံးသတ်နိုင်မှာ မဟုတ်ပါဘူးလို့ Albert Einstein Institution ရဲ့ အမှုဆောင် ဒါရိုက်တာ Jamila Raqib ကဆိုပါတယ်။ ဒီအစား ပဋိပက္ခကို စီမံခန့်ခွဲဖို့အတွက် ထက်မြက်ကာ ထိရောက်မှုရှိတဲ့ အခြားနည်းလမ်းတွေကို ရှာဖွေရန် လိုပါတယ်။ Raqib ကနေပြီး နိုင်လိုမင်းထက်ပြုမှုအောက်မှာ ရှင်သန်နေထိုင်နေသူတွေကို အကြမ်းမဖက် ခုခံမှုကို ထောက်ခံအားပေးထားပြီး လမ်းပေါ်က ကန့်ကွက် ဆန္ဒပြပွဲတွေထက် ပိုလုပ်စရာတွေ အများကြီးရှိပါတယ်။ သူမက ကမ္ဘာတစ်ဝှမ်းကို ပြောင်းလဲဖို့ ဦးတည်စေခဲ့တဲ့ ဆန်းသစ်တဲ့ နည်းဗျူဟာတွေနဲ့ လက်နက်ကိုင် ပဋိပက္ခမဲ့တဲ့ အနာဂတ်တစ်ခုအတွက် မျှော်လင့်ခြင်း အမှာစကားတစ်ရပ်ကို ကို မျှဝေထားပါတယ်။ သူမပြောတာက "လူ့လောကအတွက် အကြီးကျယ်ဆုံး မျှော်လင့်ချက်က အကြမ်းဖက်ခြင်းကို ဝေဖန်ရှုတ်ချမှု မဟုတ်ပဲ အကြမ်းဖက်ခြင်းဆိုတာကို အသုံးမဝင်တော့အောင် ပြုလုပ်ခြင်းထဲမှာ တည်နေတာပါ"တဲ့။

