ဂျမီလာ လစ်ကော့(တ်)ဟာ ဘာသာစကားသုံးမျိုးတတ်ကျွမ်းတဲ့ စာဟောသူတစ်ယောက်ပါ။ သူမရဲ့ "မတောက်တခေါက် အင်္ဂလိက်စာ"ဆိုတဲ့ ဩဇာညောင်းလှတဲ့ အပြောစကားလုံး စာတန်းတိုမှာ သူမရဲ့ မိတ်ဆွေတွေနဲ့ပြောဆိုတဲ့ ၊စာသင်ခန်းထဲမှာ ပြောဆိုတဲ့၊ လူကြီးမိဘတွေနဲ့ပြောဆိုတဲ့ အင်္ဂလိပ်စာရဲ့ ထူးခြားတဲ့ ရသဂုဏ် (၃)မျိုးကို အတိအလင်းကြေညာပြီး စိန်ခေါ်ထားပါတယ်။ ရှုပ်ထွေးလှတဲ့ သမိုင်းကြောင်းနဲ့ ယနေ့ခေတ် ဘာသာစကားတိုင်းရဲ့ ရပ်တည်မှုကို လေ့လာဖော်ထုတ်ရင်း ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုခြင်းဆိုတာရဲ့ အနက်သဘောကို ဖြည်ပြထားပါတယ်။
