ထရွှိုင် ကျဆုံးခန်းကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့ မင်းသမီး
Iseult Gillespie |
TED-Ed
• August 2026
အမျိုးသမီးငယ်တစ်ယောက်အနေနဲ့ ထရွှိုင်မြို့တော်က ကတ်ဆန်ဒရာဟာ သူ့ကို ရှေ့ဖြစ်ဟောနိုင်စွမ်း လက်ဆောင် ကမ်းလှမ်းခဲ့တဲ့ အပိုလို နတ်ဘုရားရဲ့ လိုက်လံပိုးပန်းတာကို ခံခဲ့ရတယ်။ ဒါပေမဲ့ အပိုလိုရဲ့ တိုးဝင်လာမှုတွေကနေ သူ နောက်ဆုတ်သွားတဲ့အခါ၊ အပိုလိုက ဒီလက်ဆောင်ကို ရူးသွပ်စေတဲ့ ပြုစားမှုအဖြစ် ပြောင်းလဲပစ်လိုက်တယ်။ အဲဒီနေ့ကစပြီး၊ ကတ်ဆန်ဒရာ အနာဂတ်ကို အတိအကျ မြင်နိုင်၊ ဖော်ပြနိုင်စွမ်းရှိလာပေမဲ့၊ သူ့ရဲ့ဟောကိန်းတွေကို ဘယ်သောအခါမှ ယုံကြည်ကြမှာမဟုတ်ဘူး။ အီဆိုးလ် ဂီလက်စပီက ကျိန်စာမိနေတဲ့ ရှေ့ဖြစ်ဟောသူရဲ့ ဂရိ အဖြစ်ဆိုးကို အသေးစိတ်ဖော်ပြထားတာပါ။
[ Yael Reisfeld က ရိုက်ကူးပြီး Bethany Cutmore-Scott က ဇာတ်ကြောင်းပြောကာ၊ Salil Bhayani, cAMP Studio က တေးဂီတကို ဖန်တီးထားပါတယ်။]

