ကြေကွဲဖွယ် သုံးပွင့်ဆိုင် အိုင်ယာလန် အချစ် ဒဏ္ဍာရီ
482,754 plays|
Iseult Gillespie |
TED-Ed
• February 2025
ရွှေရောင် ဆံစတစ်မျှင်ကို သယ်ဆောင်လာတဲ့ ငှက်တစ်ကောင်ကို တွေ့မြင်ပြီးနောက်၊ ကော်နဲလ်ရဲ့ ဘုရင် မတ်ခ်က သူ့ရဲ့အနာဂတ် သတို့သမီးဟာ အလားတူ တောက်ပတဲ့ ဆံခွေတွေရှိရမယ်လို့ ကြေညာခဲ့တယ်။ ဒီသရုပ်ဖော်ချက်နဲ့ ကိုက်ညီတဲ့ တစ်ဦးတည်းသော တော်ဝင်မျိုးနွယ်က အိုင်ယာလန်မင်းသမီး အစ်ဇို့ဒ်ပါ။ ဒါကြောင့် ဘုရင်က တော်ဝင်မိသားစုထံ သံလွင်ခက်တစ်ခက် ကမ်းပြီး သူ့ရဲ့လက်ထပ်ခွင့်တောင်းတာကို သတင်းပါးဖို့ သူ့ရဲ့ အရဲရင့်ဆုံး သူရဲကောင်း ထရစ်စတန်ကို စေလွှတ်လိုက်တယ်။ Iseult Gillespie ကနေပြီး ထရစ်စတန်နဲ့ အစ်ဇို့ဒ်ရဲ့ ပုံပြင်ကို မျှဝေထားတာပါ။ [Ciara Nolan၊ Paper Panther က ရိုက်ကူးပြီး Susan Zimmerman က ဇာတ်ကြောင်းပြောကာ Chris McLoughlin က တေးဂီတကို ဖန်တီးထားပါတယ်။ ]