မြောက်ကိုရီယားမှာ မွေးဖွားကြီးပြင်းပြီး Hyeonseo Lee ဟာ သူ့နိုင်ငံကို "ကမ္ဘာပေါ်မှာ အကောင်းဆုံး နိုင်ငံ"အဖြစ် ထင်ခဲ့တယ်။ ၉၀ ခုနှစ်တွေမှာ အငတ်ဘေး မကြုံခင်အထိ ဒီလို ထင်နေဆဲပဲ။ အငတ်ဘေးတွေ့တော့မှ သူစပြီး ဟုတ်ရဲ့လားလို့ သံသယဝင်ခဲ့တယ်။ အသက် ၁၄နှစ်မှာ တိုင်းပြည်က ထွက်ပြေးခဲ့တယ်။ တရုတ်ပြည်မှာ ဒုက္ခသည်အဖြစ် ဘဝကို ဖုံးကွယ်ပြီး နေထိုင်ခဲ့တယ်။ သူ့ဘဝဟာ ကြမ်းတမ်းတယ်။ ဒါပေမယ့် အသက်ရှင်သန်ခြင်း၊ မျှော်လင့်ချက်တွေနဲ့ လူပဲ။ အန္တရာယ်ကြုံပေမယ့် ရင်းဆိုင်နိုင်တဲ့ ခွန်အားအပြည့်ရှိတယ်။ နယ်စပ်ဟာ အခုတော့ အဝေးကြီးမှာ ကျန်ခဲ့ပြီ။
