အကျိုး၊အမြတ်သည် အမြဲတမ်း အဓိကမဟုတ်ပါ။
ကမ္ဘာ့ နာမည်ကြီး ကော်ပိုးရေးရှင်း တစ်ခုမှ အမှုဆောင် အရာရှိက ငွေကြေးရှင်းတမ်းလိုဟာမျိုး သို့မဟုတ် အဲဒါရဲ့ အောက်ဆုံးလိုင်းကို ကျော်လွန်ပြီး ကြည့်ရှုသုံးသပ်နိုင်ပါ့မလားလို့ ကျွန်တော်တို့ ထင်မှတ် နိုင်ပါတယ်။ သို့သော် ယူနီလီဗားရဲ့ COO ခေါ် ထိပ်သီးပိုင်းထဲက တစ်ဦးဖြစ်သူHarish Manwani ဟာ ဆုံးဖြတ်ချက် ချမှတ်ရေး ထိပ်သီး ဦးစားပေး အချက်များထဲကို တန်ဖိုးများ၊ ရည်ရွယ်ချက်များ နှင့် ရေရှည်ခံ ရပ်တည်နိုင်စွမ်းတို့လို အချက်များကို ထည့်စဉ်းစားရေးမှာ အားလုံးက လက်ခံသင့်ရုံသာမက ၂၁ရာစုမှာ တာဝန်သိတတ်တဲ့ လုပ်ငန်းများကို မောင်းနှင် ရှေ့ဆောင်ရေးအတွက် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း စိတ်လိုက်မာန်ပါ ဆော်ဪ တိုက်တွန်းနေပါတယ်။
