ကျောင်းသား စိတ်ကျန်းမာရေး နေ့များအတွက် ရပ်တည်ချက်။
ကျောင်းဟာ စိတ်ဖိစီးမှု၊ ပူပန်မှု၊ ထိတ်လန့်မှု၊ ထိုးနှက်မှုတွေနဲ့ ကိုယ်စိတ် ပင်ပန်းမှုတွေန့်တောင် မွစာတက်နေနိုင်ပေမဲ့ သူတို့ရဲ့ ကျန်းမာသုခကို ဦးစားပေးဖို့ လိုအပ်တဲ့ ကျောင်းသားတွေအတွက် ယေဘုယျအနေနဲ့ တရားဝင် မူဝါဒ မရှိကြဘူး။ Hailey Hardcastle ကနေပြီး ဘာကြောင့် ကျောင်းတွေဟာ စိတ်ကျန်းမာရေး နေ့တွေ ပေးပြီး အစွန်းအထင်းမပါတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အလေ့အကျင့်လုပ်ဖို့ ကျောင်းသားတွေကို အချိန်ပေးသင့်ကြောင်းကို ရှင်းပြထားပါတယ်။ သူနဲ့ ဆယ်ကျော်သက်တစ်သင်းဟာ သူတို့ရဲ ထောက်ခံမှုကို ဥပဒအဖြစ် ပြောင်းလဲခဲ့ပုံကို သိရှိဖို့ ဆက်လက် ရှုစားလိုက်ပါဦး။

