ကြက်တူရွေးတွေက ဘာကြောင့် စကားပြောတတ်တာလဲ။ - Grace Smith-Vidaurre and Tim Wright
1,806,731 plays|
Grace Smith-Viduarre and Tim Wright |
TED-Ed
• June 2022
ဘီယွန်းစေးကို လိုက်ဆိုနေတာပဲဖြစ်ဖြစ်၊ ဂန္တဝင်ရော့ခ်တွေအလိုက် ခေါင်းယမ်းတာပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ရုံကို လာလည်တဲ့သူတွေကို ကျိန်ဆဲနေတာပဲဖြစ်ဖြစ်၊ ကြက်တူရွေးတွေက ကျွန်တော်တို့ကို အမြဲတစေ အံ့သြစေတယ်။ သူတို့က လူသားစကားကို ထုတ်လုပ်တဲ့ တိရစ္ဆာန်များတွေထဲက တစ်မျိုးသာဖြစ်ပြီး တချို့ကြက်တူရွေးတွေက ဒါကို အဆန်းတကြယ်နီးပါး ကောင်းကောင်း လုပ်ဆောင်ကြတယ်။ ဒါက ဘယ်လို ဖြစ်နိုင်လဲ။ Grace Smith-Vidaurre နဲ့ Tim Wright တို့ကနေပြီး ကြက်တူရွေးတွေကို စကားပြောတာ၊ ဟစ်အော်တာ၊ ကျိန်ဆဲတာနဲ့ အချက်အလက်တွေကို ရွတ်ဆိုခွင့်ပေးတဲ့ ခန္ဓာဗေဒကို စူးစမ်းထားပါတယ်။
သင်ခန်းစာကို Grace Smith-Vidaurre နှင့် Tim Wright တို့က ပြုစုပြီး Anton Bogaty က ရိုက်ကူးထားပါတယ်။