ဗီဗာဖျံတွေ ဘာလို့ ဆည်ဆောက်ကြသလဲ။ Glynnis Hood
665,807 plays|
Glynnis Hood |
TED-Ed
• January 2023
ကနေဒါမြောက်ပိုင်း ဝေးလံခေါင်ဖျားတဲ့ သစ်တောတွေထဲမှာ ကမ္ဘာ့အရှည်ဆုံး ဗီဗာဖျံဆည်ကြီး ရှိပါတယ်။ ဒီ မီတာ(၈၅၀)ရှည်တဲ့ ဆည်ကြီးဟာ ဂြိုလ်တုကတောင် မြင်နိုင်တဲ့အထိ ရှည်လျားပြီး ရေပမာဏ လီတာသန်းခုနှစ်ဆယ်လောက် သိုလှောင်ထားကာ အနီးအနားက သဘာဝပတ်ဝန်းကျင်အပေါ် များစွာသက်ရောက်မှု ရှိပါတယ်။ ဒါပေမဲ့ ဆည်ကြီးတွေမှ မဟုတ်ပါဘူး။ ဘယ်အရွယ်အစားမဆို ဆည်တွေဟာ သူတို့အနီးက ပတ်ဝန်းကျင်ကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။ ဆိုတော့ကာ ဘာလို့ ဗီဗာဖျံတွေက ဒီလိုအထင်ကရ အဆောက်အအုံတွေကို ဖန်တီးတာလဲ ဆိုတာ Glynnis Hood က စူးစမ်းလေ့လာထားပြီး Keegan Thornhill က ရိုက်ကူးတင်ဆက်ပါတယ်။

