ဖြစ်ပွားလုနီးပါး ကပ်ရောဂါဘေးများ - George Zaidan
433,052 plays|
George Zaidan |
TED-Ed
• May 2023
၂၀၁၃ ခုနှစ်တွင် ဂီနီနိုင်ငံ၌ အီဘိုလာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့သည် ။ ထိုစဉ်က နိုင်ငံအတွင်း စနစ်တကျ တုံ့ပြန်ဆောင်ရွက်မည့် ယန္တရားမရှိခဲ့သဖြင့် သမိုင်းတစ်လျှောက် အကြီးမားဆုံးသော အီဘိုလာကပ်ဘေး ဖြစ်လာခဲ့သည် ။ ထို့နောက်တွင် ဂီနီနိုင်ငံသည် ၎င်းတို့၏ တုံ့ပြန်ရေးစနစ်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အခြားကပ်ရောဂါတစ်ခုကို အောင်မြင်စွာ တိုက်ဖျက်နိုင်ခဲ့သည် ။ သို့ဆိုလျှင် ထိရောက်သော ကပ်ရောဂါတုံ့ပြန်မှုဆိုသည်မှာ မည်သို့ရှိသနည်း။ ဂျော့ခ်ျ ဇိုင်းဒန် (George Zaidan) က မတူညီသော လူ့အသိုင်းအဝန်းများ မည်သို့ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်ကို လေ့လာတင်ပြထားပါသည်။ [Gavin Edwards, Movult မှ ရိုက်ကူးပြီး၊ Jack Cutmore-Scott မှ နောက်ခံစကားပြောကာ၊ Cem Misirlioglu မှ တေးဂီတ ဖန်တီးထားပါသည်]။
