ရုပ်ပြစာအုပ်တွေက သင်ယူလေ့လာဖို့ အကူအညီပေးနိုင်ပုံ
၁၉၄၀ လွန်နှစ်တွေမှာ၊ ရုပ်ပြစာအုပ်တွေက လစဉ် အုပ်ရေ သန်းချီ ရောင်းချနေတဲ့ လူထုဆက်သွယ်ရေးတစ်ခု ဖြစ်လာခဲ့တယ်။ ဆရာမတွေက စာသင်ခန်းတွေထဲကို ရုပ်ပြတွေ ယူဆောင်လာရင်းတောင် စတင်စမ်းသပ်ခဲ့ကြတပါ။ ဒီတော့ ရုပ်ပြစာအုပ်တွေနဲ့ ဂရပ်ဖစ်ဝတ္ထုတွေက သင့်ကို တကယ် သင်ယူလေ့လာဖို့ ကူညီပေးနိုင်လား။ ဂျင်းန် လူအန် ယန်ကနေပြီး အမေရိကန်ပညာရေးထဲက ရုပ်ပြတွေရဲ့ သမိုင်းကို စူးစမ်းလေ့လာပြီး ကလေးတွေ သင်ယူရာမှာ အထောက်အကူဖြစ်စေတဲ့ အလားအလာတွေနဲ့ ပတ်သက်တဲ့ မျှော်လင့်မထားတဲ့ ထိုးထွင်းအမြင်တချို့ကို ထုတ်ဖော်ပြသလိုက်တာပါ။ [ Vicente Numpaque၊ Hernando Bahamon၊ Globizco Studios က ရိုက်ကူးပြီး Bravo Studio က တေးဂီတကို ဖန်တီးထားပါတယ်။ ]
