နေသာနေ့တွေမှာ ရှေးခေတ် ရောမနိုင်ငံသားတွကို အများပြည်သူသုံး အိမ်သာတွေမှာ အိမ်သာတက်ပြီး သတင်းတွေ၊ အတင်းအဖျင်းတွေဖလှယ်ရင်း စီးပွားရေးကိစ္စတွေ ဆောင်ရွက်ကြတာကို တွေ့မြင်နိုင်ပါတယ်။ ဒီနေ့ခေတ်မှာတော့ အိမ်သာတက်တဲ့ကိစ္စကို သီးသန့် ဆောင်ရွက်ရတဲ့ အတွင်းရေးကိစ္စလို့ ယဉ်ကျေးမှုစနစ်အများစုက မြင်ကြပါတယ်။ ဒါပေမယ့် လက်ရှိသုံးနေတဲ့ သီးခြား အိမ်သာစနစ်၊ ချိတ်ဆက်ထားတဲ့ မိလ္လာစွန့်ပစ်စနစ်ဟာ လူ့သမိုင်းမှာ အရေးပါတဲ့ တီထွင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။

