TED ကို လာနေကျဖြစ်တဲ့ Fawn Qiu ဟာ ကလေးတွေကို စက်မှုနည်းပညာတွေကို မိတ်ဆက်ပေးရန် စက္ကူ နဲ့ ပိတ်စတွေလို အားလုံးသိကြတဲ့ ပစ္စည်းတွေကို သုံးပြီး ပျော်ရွှင်စရာ စရိတ်ကျဉ်း ပရိုဂျက်တွေကို ပြုစုတတ်ပါတယ်။ တိုပေမဲ့ သိကောင်းစရာ အများကြီးပါတဲ့ ဒီဟောပြောချက်မှာ သူမဟာ သူမရဲ့ သမရိုးကျ မဟုတ်တဲ့ အလုပ်ရုံတွေက နည်းပညာအား ခံယူနားလည်မှုကို ပြောင်းလဲပစ်လိုက်ကာ ကျောင်းသားတွေကို အဲဒါတွေကို ဖန်တီးမှုထဲ ပါဝင်လာအောင် လှုံ့ဆော်ပေးနိုင်ပုံကို မျှဝေထားပါတယ်။

