တွင်းနက်တွေကို ဖျက်ဆီးလို့ ရနိုင်လား - Fabio Pacucci
1,925,303 plays|
Fabio Pacucci |
TED-Ed
• May 2019
သင်ခန်းစာအပြည့်အစုံကြည့်ရန်: https://ed.ted.com/lessons/can-a-black-hole-be-destroyed-fabio-pacucci
စကြဝဠာထဲမှာ တွင်းနက်တွေဟာ ဖျက်ဆီးမှု စွမ်းအား အကြီးမားဆုံး အရာတွေထဲမှာ ပါရှိကြတာပါ။ တွင်းနက်နားကပ်သွားတဲ့ ဥက္ကာခဲ၊ ဂြိုဟ် နဲ့ ကြယ်တွေ အစရှိတဲ့ ဘယ်လိုအရာကိုမဆို ၎င်းရဲ့ ပြင်းထန်လွန်းတဲ့ ဆွဲငင်အားစက်ကွင်းက တစစီ ဆွဲဆုတ်ခံရမယ့် အန္တရာယ်ရှိပါတယ်။ တဖက်မှာ ထည့်တွက်စရာက စကြဝဠာတစ်ခုလုံး တဖြည်းဖြည်းနဲ့ တွင်းနက်တွေချည်း ပြည့်သွားမလား (တွင်းနက်တွေ မပျက်စီးဘူး ဆိုရင်ပေါ့)။ ဒါပေမဲ့ တွင်းနက်ကို ဖျက်စီးဖို့ နည်းလမ်း တစ်ခုတစ်လေ ရှိမလား။ Fabio Pacucci ဖြစ်နိုင်သမျှကို တူးဆွပြလိုက်ပါတယ်။
သင်ခန်းစာတင်ဆက်သူ - Fabio Pacucci၊ ရုပ်သံ ရိုက်ကူးသူ - Provincia Studio.