ဆွစ်ဇာလန် နိုင်ငံမှ အနပညာရှင် နဲ့ ဓါတ်ပုံဆရာ ဖြစ်သူ Fabian Oefner ဟာ နေ့စဉ်ဘဝဆိုင်ရာ သိပ္ပံပညာကို အံ့ဩစရာ မြင်ကွင်းပုံများ အဖြစ် ပြသဖို့ အားထုတ်နေသူပါပဲ။ ဒီ စိတ်ဝင်စားဖွယ် ဆွေးနွေးမှုထဲမှာ သူဟာ မကြာမီတုန်းက သူရိုက်ယူခဲ့တဲ့ စိတ်လှည့်စားရေး ပုံတွေကို ပြသပေးထားရာ အသံလှိုင်းနဲ့ အပြန်အလှန်တုံ့ပြန်လှုပ်ရှားနေကြတဲ့ ဓါတ်ဆားပွင့်ကလေးရဲ့ ပုံတွေလည်း ပါပါတယ်။ ပြီးတော့ သံလိုက် အရည်ကို ရေဆေးနဲ့ ရောလိုက်ရင် ဒါမှမဟုတ် ဝိစကီကို မီးရှို့ပေးလိုက်ရင် ဘယ်လို ဖြစ်လာနိုင်ကြောင်းကို လက်တွေ့ လုပ်ပြသွားပါတယ်။
