အဝေးကြည့် မှန်ပြောင်းတစ်ခု လွှတ်တင်ဖို့ ဘာတွေ လိုအပ်သလဲ။
TED ဝိုင်းတော်သားနဲ့ နက္ခတ္တဗေဒပညာရှင် Erika Hamden ဟာ အာကာသရဲ့အစွန်းက ဧရာမပူဖောင်းကြီးမှာ ချိတ်ဆွဲထားတဲ့ FIREBall တည်ဆောက်ရေး အသင်းကို ဦးဆောင်ပြီး
ကြယ်တွေ ဖန်တီးဖြစ်ပေါ်ပုံအကြောင်း သဲလွန်စတွေကို ရှာဖွေပါတယ်။ သူဟာ ကျွန်ုပ်တို့ကို ရိုလာကိုစတာ တစ်ခုအတွင်း ခေါ်ဆောင်သွားပါတယ်၊ စိတ်ကူးတစ်ခုကနေ အဝေးကြည့မှန်ပြောင်းကို ဂြိုဟ်ပတ်လမ်းထဲကို ထည့်သွင်းဖို့ ခရီးရှည်တစ်ခုပါ။ နောက်ပြီး အသိပညာရဲ့ကန့်သတ်ချက်တွေကို တွန်းပို့တဲ့အခါ မအောင်မြင်မှုဆိုတာ ရှောင်လွှဲမရနိုင်ပုံကို ပြသထားပါတယ်။
