ဂေဟဗေဒပညာရှင် Eric Berlow ဟာ ရှုပ်ထွေးတဲ့ စနစ်တွေနဲ့ ရင်ဆိုင်တွေ့တဲ့အခါ ဖိစီးခံရတယ်လို့ မခံစားမိပါဘူး။ သူသိတာက ပိုမိုများပြားတဲ့ သတင်းအချက်အလက်တွေဟာ ပိုမိုကောင်းမွန်ပြီး၊ ပိုမိုရိုးရှင်းတဲ့ ဖြေရှင်းချက်တစ်ခုဆီ ရောက်လာစေမယ်ဆိုတာပါ။ ကြီးမားတဲ့ ကိစ္စရပ်ကြီးတွေကို စိတ်ဖြာပစ်လိုက်ဖို့ နည်းနာနိဿယတွေကို ရှင်းလင်းပြပြီး အာဖဂန်နစ္စတန်မှာ အမေရိကန်ရဲ့ နည်းဗျူဟာတွေအကြာင်း မျာပြားလွန်းလှတဲ့ ကားချပ်တစ်ခုကို အနည်းငယ်မျှသော အချက်အလက်တွေအဖြစ် အနှစ်ချုပ်ပြထားပါတယ်။

