အနာဂတ်ရဲ့ တန်ဖိုးနည်း သုံးဘက်မြင် ပုံနှိပ် စက်ရုပ်အင်္ဂါတုများ။
ပြည်ပကနေတင်သွင်းတဲ့ နည်းပညာ ကုန်ကျစရိတ်ရဲ့ အနည်းငယ်သာရှိတဲ့ လက်တွေ့ကျတဲ့ ခြေတုလက်တုတစ်ခုတွေ ဖန်တီးရင်း စက်ရုပ်အင်္ဂါတုတီထွင်သူနှင့် TED ဝိုင်းတော်သား Enzo Romero ကနေပြီး ပြန်လည်အသုံးပြုတဲ့ပစ္စည်းတွေကနေ အရင်းအမြစ်ပြုထားတဲ့ သုံးဘက်မြင် ပုံနှိပ် အထောက်အကူ နည်းပညာကို ဒီဇိုင်းထုတ်ဖို့ ဆန်းသစ်တဲ့ ပုံစံကို မျှဝေထားပါတယ်။ သူ့ရဲ့ဇာတိ ပီရူးအတွက် တည်ဆောက်ခဲ့တာပါ။ Star Wars မှာ Luke Skywalker ရဲ့ စက်ရုပ်လက်က မက်ခါထရွန်းနစ် အင်ဂျင်နီယာပညာကို လိုက်စားဖို့ Romero ကို လှုံ့ဆော်ပေးခဲ့ပုံနဲ့ မသန်စွမ်းသူတွေနဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေ အပြည့်အဝ ရှင်သန်ဖို့ ကူညီပေးပုံကို နားဆင်ကြည့်ပါ။
