ဉာဏ်များတဲ့ ပင့်ကူ ပုံပြင် - အေမလီ ဇိုဘယ် မာရှယ်
990,113 plays|
Emily Zobel Marshall |
TED-Ed
• January 2022
လွန်ခဲ့တဲ့ အချိန်တွေတုန်းက ပုံပြင်တွေအားလုံးဟာ အရာရာကို မြင်တွေ့နိုင်တဲ့ ကောင်းကင်ဘုရား နျာမီ (Nyame) တစ်ဦးတည်းပိုင် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပင့်ကူတစ်ကောင်ဖြစ်တဲ့ အာနန်စီ (Anansi) ကတော့ ပုံပြင်တွေကို ကမ္ဘာပေါ်ကို သေချာပေါက် ဆောင်ယူလာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ အာနန်စီဟာ နျာမီ့ဆီကို သွားပြီး ကမ္ဘာ့ပုံပြင်တွေရဲ့ ပိုင်ဆိုင်မှုကို ယူဖို့ တောင်းဆိုခဲ့တယ်။ ကောင်းကင်ဘုရားက အာနန်စီကို သူလိုချင်တဲ့ ပုံပြင်တွေအားလုံးကို ပေးမယ်လို့ ပြောခဲ့ပါတယ် ဒါပေမဲ့ မဖြစ်နိုင်တဲ့ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်နိုင်မှသာ ဖြစ်ပါမယ်။ အေမလီ ဇိုဘယ် မာရှယ် (Emily Zobel Marshall) က ဉာဏ်ကောင်းတဲ့ ပင့်ကူရဲ့ ခရီးစဉ်ကို မျှဝေတင်ပြထားပါတယ်။ [Directed by Keegan Thornhill, narrated by Christina Greer, music by Salil Bhayani, cAMP Studio].

