ကျွန်ပ်တို့ရဲ့ ကမ္ဘာဂြိုဟ်က လောင်ကျွမ်းနေချိန်မှာ လူ့လောကနဲ့ သဘာဝရဲ့ ဇာတ်လမ်းတွေကို ဘယ်လိုပြောပြမလဲ။ ဝတ္ထုရေးဆရာ(မ) Elif Shafak ကနေပြီး သစ်ပင်တွေကို နားထောင်ကြဖို့ ကျွန်ုပ်တို့ကို ဖိတ်ကြားလိုက်ပါတယ်။ ဒီသစ်ပင်တွေရဲ့ အချိန်၊ တည်ငြိမ်မှုနဲ့ မမြဲမှု အတွေ့အကြုံဟာ ကျွန်ုပ်တို့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ လုံးဝကို ခြားနားပါတယ်။ "[သူတို့ရဲ့] အတွင်းမှာ ပုန်းကွယ်နေတဲ့ ဇာတ်လမ်းဟာ လူ့လောကရဲ့ အတိတ်နဲ့ အနာဂတ်ပါ" လို့ သူက ဆိုပါတယ်။
