အဝေးရောက်စက်ရုပ်အသွင်ဖြင့် အက်ဒ်ဝပ် စနိုးဒန် ဟာ ထောက်လှမ်းရေးနဲ့အင်တာနက်လွတ်လပ်ခွင့်အကြောင်း ၂၀၁၄ TED မှာပြောခဲ့ပါတယ်။ ပုဂ္ဂိလအချက်အလက်အခွင့်အရေး ဆိုတာပါတီနိုင်ငံရေးကိစ္စမဟုတ်ဘဲ ကျွန်တော်တို့ဘဝမှာအင်တာနက်ရဲ့ အခန်းကဏ္ဍနဲ့ ဒါကိုကာကွယ်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။ "ခင်ဗျားရဲ့အခွင့်အရေးတွေဟာအရေးပါပါတယ် ဘာလို့လဲဆိုတော့ ဒါတွေကိုဘယ်တော့လိုမလဲဆိုတာမသိလို့ပါ" လို့ ဆိုပါတယ်။ ခရစ်အန်ဒါဆင်ကအင်တာဗျူးပြီး အထူးဧည့်သည်ကတော့ တင်ဘန်နားစ်လီပါ။
