လူဝင်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုမှာ ကျွန်တော်တို့ လွဲချော်နေတာတွေ။
၂၀၀၈ မှ ၂၀၁၆ အကြားမှာ အမေရိကန်ပြည်ထောင်စုကနေပြီး လူသုံးသန်းကျော်ကို နိုင်ငံမှ နှင်ထုတ်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့လူတွေကျတော့ ဘာဖြစ်နေလဲ။ သတင်းစာဆရာ Duarte Geraldino ကနေပြီး နိုင်ငံမှနှင်ထုတ်ခြင်း အဖြစ်တွေကို အစိုးရက ရပ်တန့်ပစ်ခဲ့တဲ့ နေရာမှ အစကောက်ထားပါတယ်။ မိခင်တစ်ဦး (သို့) အရပ်ထဲက လုပ်ငန်းပိုင်ရှင်တစ်ဦး (သို့) အထက်တန်းကျောင်းသား ရုတ်တရက် မရှိခြင်းက အပြင်ဘက်ကို ဂယက်ရိုက်သွားပြီး ရပ်ရွာတွေကို အတူစုစည်းထားတဲ့ ဆက်ဆံရေးတွေ ဗြောင်းဆန်သွားအောင် ထိခိုက်ပျက်စီးသွားပုံကို Geraldino ကနေ ရှင်းပြတဲ့အခိုက်မှာ အတင်းအဓမ္မ ဖယ်ရှားမှုရဲ့ ကျယ်ပြန့်တဲ့ သက်ရောက်မှုအကြောင်းကို လေ့လာလိုက်ပါ။

