အရမ်းကောင်းတဲ့ ဘဝစီမံကိန်းအသစ်တစ်ခုကို အမှတ်မထင် အကြံရပြီးတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ ပထမဆုံး ဗီဇအလျောက်တုံ့ပြန်မှုကတော့ ဒီစီမံကိန်းကို တစ်စုံတစ်ယောက်အား ပြောပြဖို့ပါ။ ဒါပေမဲ့ ဒီရက် ဆီဗား(စ်) ပြောတာက ရည်မှန်းချက်တွေကို လျှို့ဝှက်ထားတာက ပိုကောင်းပါတယ်တဲ့။ သူက ရည်ရွယ်ချက်တွေအကြောင်းကို ပြောပြကြတဲ့ သူတွေဟာ ဒါတွေကို အောင်မြင်ပြီးမြောက်ဖို့ ဘာကြောင့်ဖြစ်နိူင်ခြေ အလားအလာနည်းတယ်ဆိုတာကို ပြသဖို့အတွက် ၁၉၂၀ နှစ်တွေအထိကို ကျယ်ပြန့်တဲ့ သုသေသနပြုချက်ကို တင်ပြထားပါတယ်။
