လူငယ် သိပ္ပံပညာရှင်လေးရဲ့ သန့်ရှင်းသောရေ ရှာပုံတော်
ထိဖို့ဆိုတောင် ညစ်ပတ်လွန်းပုံရတဲ့ သောက်ရေရှိရာ အိန္ဒိယက သူမရဲ့ အဖိုးအဖွားတွေရဲ့ အိမ်အပြင်ဘက်က ကလေးတွေကို မြင်တွေ့ပြီးနောက်မှာ Deepika Kurup ဟာ သူမအသက် ၁၄ နှစ်ကတည်းက ကမ္ဘာလုံးဆိုင်ရာ ရေအကြပ်အတည်းကို ဖြေရှင်းဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ သူမရဲ့ သုတောသနပြုချက်ကို မိသားစု မီးဖိုချောင်မှာ စတင်ခဲ့ပြီး နောက်ဆုံးမှာတော့ အဓိက
သိပ္ပံဆုတစ်ဆုဆီ ဦးတည်သွားခဲ့ပါတယ်။ တွက်ခြေကိုက်ပြီး ဂေဟဆိုင်ရာ သဟဇာတဖြစ်တဲ့ ရေကို သန့်စင်ဖို့ နည်းလမ်းတစ်ရပ်ကို ဒီဆယ်ကျော်သက် သိပ္ပံပညာရှင်ကလေးက ဘယ်လို တီထွင်တည်ဆောက်တယ်ဆိုတာ နားထောင်ကြပါဦး။

