အမြင်ပိုင်းဆိုင်ရာ၊ သက်ဝင်လှုပ်ရှား မေတ္တာစာများ ဇာတ်လမ်းတွဲတစ်ခုမှာ ဒီဇိုင်နာ Debbie Millman ကနေပြီး သူ့ရဲ့ ဥယျာဉ်၊ New York City၊ ခရီးသွားခြင်း၊ ပုံပြင်ပြောခြင်းတို့ရဲ့ အံ့ဖွယ်ရာတွေကို စူးစမ်းခြင်းအားဖြင့် သူ ကျေးဇူးတင်တဲ့ အရာတွေကို အလေးအနက် ဆင်ခြင်ထားတာပါ။ “ဒီအကျပ်အတည်းကို ဖြတ်ကျော်ရင်းနဲ့ ဖြေသိမ့်မှုတစ်ခုခု အတူတူ တွေ့ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ဆိုထားပါတယ်။
