ပျော်ရွှင်ချင်ပါသလား။ ကျေးဇူးတင်လိုက်ပါ။
"လူသားအားလုံးမှာရှိတဲ့ တူညီတာတစ်ခုက ကျွန်ုပ်တို့အားလုံးဟာ ပျော်ရွှင်ချင်ကြတာပါ" လို့ ဘုန်းကြီးတစ်ပါးဖြစ်ပြီး ဘာသာပေါင်းစုံ ပညာရှင်ဖြစ်သူ Brother David Steindl-Rast ကဆိုပါတယ်။
ပြီးတော့ ပျော်ရွှင်မှုဆိုတာက ကျေးဇူးတရားကနေ မွေးဖွားလာတာလို့ သူက ဆိုပါတယ်။ အရှိန်ကို လျှော့ချခြင်း၊ သင်သွားနေတာ ဘယ်ကိုလဲ ကြည့်ခြင်းအကြောင်း စေ့ဆော်မှုပေးတဲ့ သင်ခန်းစာတစ်ခုပါ၊ အထူးသဖြင့်ကတော့ ကျေးဇူးတင်ရှိခြင်းအကြောင်းပါ။
