ဘယ်အရာက David Sengeh ကို ပိုမို သက်တောင့်သက်သာဖြစ်စေတဲ့ ခြေ၊လက်အင်္ဂါအတုကို ဖန်တီးဖို့တွန်းအားပေးခဲ့ပါလိမ့်။ သူဟာ ဆီရဲရာ လီယွန်းမှာကြီးပြင်းခဲ့ပြီးတော့ သူချစ်ခင်မြတ်နိူးတဲ့ များလှစွာသောသူတွေဟာ အဲဒီက လူမဆန်တဲ့ ပြည်တွင်းစစ် အပြီးမှာ ခြေလက်အင်္ဂါတွေ ဆုံးရှုံးနေကြရပါတယ်။ လူတွေဟာ သူတို့မှာရှိတဲ့ ခြေတုတွေကို တပ်ဆင်မထားကြတာကို သူသတိထားမိတဲ့ အခါမှာတော့ ဘာကြောင့်လဲဆိုတာကို စတင် ရှာဖွေတော့တာပေါ့။ ပြီးတော့ MIT Media Lab က သူ့အဖွဲ့နဲ့အတူ ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကို ဖော်ထုတ်ဖို့ပါ။
