အူအတက် နာကျင်မှုက ဘယ်လို ခံစားရသလဲ။
2,668,037 plays|
David Flum |
TED-Ed
• September 2024
၁၉၆၁ ခုနှစ်မှာ အန္တာတိတ် စူးစမ်းရှာဖွေရေးတစ်ခုက ထိတ်လန့်စရာ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့တယ်။ ဒေါက်တာ Leonid Rogozov ဟာ သူ့ရဲ့ညာဘက်မှာ ပြင်းထန်တဲ့ နာကျင်မှုနဲ့အတူ ဖျားလာတယ်။ မကြာခင်မှာ သူ့မှာ အူအတက်ရောင်ရောဂါရှိနေတာ ထင်ရှားလာတယ်။ Rogozov ရဲ့ အကျပ်အတည်းက ပြင်းထန်ပေမဲ့ အူအတက်ရောင်ရောဂါက အဆန်မဟုတ်ပါ။ ဒါက အကြမ်းဖျင်း လူ ၁၂ ယောက်မှာ ၁ ယောက်ကို ထိခိုက်နေတာပါ။ ဒီတော့ ဘာက အူအတက်ရောင်ရောဂါကို ဖြစ်စေတာလဲ။ ဒီအင်္ဂါက ဘာလို့ ဒီလောက် ပေါက်ကွဲဖို့ အလားအလာရှိတာလဲ။ David R. Flum က စူးစမ်းထားတာပါ။

