TED2008 မတိုင်မီ ၉ ရက်မှာ ရုပ်ရှင်ရိုက်ကူးသူ David Hoffman ဟာ မီးလောင်မှုကြောင့် သူ့အိမ်၊ ရုံးခန်းနဲ့ နှစ် ၃၀ မက်မက်မောမော စုစောင်းထားသမျှ အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ပါတယ်။ တစ်ခဏလေးအတွင်းမှာ အပြောင်ရှင်းထုတ်ခြင်းခံလိုက်ရတဲ့ ဘဝတစ်ခုကို ပြန်လှန်လှောကြည့်ရင်း သူဟာ ရှေ့ကိုမျှော်ကြည့်နေပါတယ်။
