ရုပ်ရှင်ရိုက်ကူးသူ David Hoffman ဟာ သူရဲ့ Sputnik Mania ဆိုတဲ့ သတင်းမှတ်တမ်း ရုပ်ရှင်ကားရှည်ထဲမှ ရိုက်ကွက်ကို မျှဝေထားပါတယ်။ ၁၉၅၇ ခုနှစ်မှာ ဆိုဗီယက် ပြည်ထောင်စုက လွှတ်တင်ခဲ့တဲ့ Sputnik ဟာ အာကာသဆိုင်ရာပြိုင်ဆိုင်မှုနဲ့ လက်နက်ပြိုင်ဆိုင်မှု ၂ခုစလုံးကို ဘယ်ပုံဆိုက်သွားစေတယ်ဆိုတာနဲ့ ကမ္ဘာတစ်လွှားက သိပ္ပံ နဲ့ သချင်္ာဆိုင်ရာ ပညာရေး ခုန်ကျော်မှု စတင်စေခဲ့တာကို ပြသထားတာပါ။

