Daphne Koller ကနေပြီး ထိပ်တန်းတက္ကသိုလ်များတွေရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး သင်တန်းတွေကို ဝန်ဆောင်မှုတစ်ခုအနေနဲ့သာမက လူတွေသင်ယူပုံကို သုတေသနပြုတဲ့ နည်းလမ်းတစ်ခုအဖြစ် အွန်လိုင်းမှာ အခမဲ့ထားဖို့ ထိပ်တန်းတက္ကသိုလ်တွေကို ဆွဲဆောင်နေတာပါ။ (Andrew Ng နဲ့ ပူးတွဲတည်ထောင်ထားတဲ့) Coursera နဲ့အတူ ကီးဘုတ်ခလုတ် တစ်ချက်ချင်းစီ၊ ဉာဏ်စမ်းတွေ၊ ရွယ်တူ အချင်းချင်း ဆွေးနွေးမှုနဲ့ မိမိကိုယ်ကို အဆင့်သတ်မှတ်တဲ့ ကျောင်းစာ၊ တစ်ခုစီတိုင်းဟာ အသိပညာကို စီမံဆောင်ရွက်ပုံနဲ့ပတ်သက်ပြီး မကြုံစဖူးဖြစ်တဲ့ အချက်အလက် အစုအဝေးတစ်ခုကို တည်ဆောက်ပေးတာပါ။
