Daniel Lismore ရဲ့အဝတ်ဘီရိုဟာ သင့်အဝတ်ဘီရိုနဲ့တော့ နည်းနည်း ကွာခြားနိုင်လောက်ပါတယ်၊ သူ့အဝတ်အစားတွေဟာ ဘီယာဘူးခွံတွေနဲ့ ပလပ်စတစ် ပုံဆောင်ခဲတွေကနေ စိန်တွေ၊ တော်ဝင် ပိုးထည်တွေနဲ့ သက်တမ်းနှစ် ၂၀၀၀ ရှိတဲ ရိုမန် လက်တွေအထိရှိတဲ့ အရာဝတ္ထုတွေကနေ တည်ဆောက်ထားတာပါ။ ဒီရင်သပ်ရှုမောဖွယ် ဟောပြောချက်ထဲမှာ အသေးစိတ်ပြင်ဆင်ထားတဲ့ ဝတ်စုံတွေရဲ့နောက်ကွယ်က သူ့စိတ်ကူးကို မျှဝေထားပြီး အနုပညာလက်ရာတစ်ခုလို ဘဝကိုရှင်သန်တာ ဘယ်လိုမျိုးလဲဆိုတာကို စူးစမ်းထာပါတယ်။ သူပြောတာက လူတိုင်းဟာ သူတို့ရဲ့ အကောင်းဆုံးလက်ရာမွန်ကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ ဒါကို တစ်ကြိမ်လောက် စမ်းကြည့်သင့်တယ်"တဲ့။

