ဘာသာစကားတစ်ခု ကွယ်ပျောက်သွားခြင်းမှ ကယ်တင်နည်း။
နောင်လာမယ့် နှစ် ၈၀ အတွင်းမှာ ဘာသာစကားပေါင်း ၃၀၀၀ လောက်အထိ ကွယ်ပျောက်သွားနိုင်ပါတယ်။ ယဉ်ကျေးမှုတွေတစ်ခုလုံးလောက်ကို နှုတ်ဆိတ်သွားစေမှာပါ။ ဒီတိုတောင်းတဲ့ ဟောပြောချက်ထဲမှာ ဘာသာစကား လှုပ်ရှားတက်ကြွသူ Daniel Bögre Udell ကနေပြီး တစ်ကမ္ဘာလုံးက လူတွေဟာ ဘိုးဘွာဘီဘင်လက်ထက်က ဘာသာစကားတွေကို ရှင်သန်ဖို့နဲ့ သူတို့ရဲ့ အစဉ်အလာတွေကို ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းသစ်တွေကို ရှာဖွေပုံကို ပြသထားပြီး ရှေးဘိုးဘေးတွေရဲ့ ဘာသာစကားတွေကို စူးစမ်းလေ့လာဖို့ ကျွန်ုပ်တို့အားလုံးကို တိုက်တွန်းထားပါတယ်။ "သင့် ဘာသာစကားကို ဆယ်တင်ခြင်းနဲ့ သင့် ယဉ်ကျေးမှုကို ပွေ့ဖက်ခြင်းဟာ သင့်ကိုယ်တိုင်ဖြစ်စေဖို့ အားကောင်းတဲ့ နည်းလမ်းတစ်ခုပါ"လို့ သူက ဆိုထားပါတယ်။
