"လူသားတွေဟာ ပြီးဆုံးပြီလို့ သူတို့တွေ အမှားမှားအယွင်းယွင်းနဲ့ထင်မြင်ယူဆနေကြတဲ့ လုပ်လက်စအလုပ်တွေနဲ့ ဖြစ်နေကြပါတယ်။" ဒန် ဂီလ်ဘတ်က သူခေါ်ဝေါ်တဲ့ သမိုင်းအမြင်လွဲမှားမှုရဲ့ နိဂုံး ဆိုတဲ့ သဘာဝဖြစ်စဉ်တစ်ခုရဲ့ပေါ် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ သုသေသနပြုချက် တစ်ခုကို မျှဝေထားပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ပစ္စက္ခဖြစ်တည်နေတဲ့ ပုဂ္ဂိုလ်ဟာ နောင်ကျန်ရှိနေတဲ့ အချိန်တွေမှာ ဖြစ်တည်နေဦးမယ့် ပုဂ္ဂိုလ်ဆိုတာကို ကျွန်တော်တို့တွေ တနည်းနည်းနဲ့ စိတ်ကူးမြင်ယောင်ကြည့်ပါတယ်။

