ဒစ္စနေ ဒဏ္ဍာရီ ပုံပြင်တွေရဲ့ ယုတ်မာဆိုးညစ်တဲ့ မူလဇစ်မြစ်တွေ
318,637 plays|
Claudia Schwabe |
TED-Ed
• June 2026
မိထွေးဆိုးတစ်ယောက်က မိန်းမပျိုလေးတစ်ယောက်ရဲ့ အဆုတ်နဲ့ အသည်းကို တောင်းဆိုတယ်၊ မိန်းကလေးတစ်ယောက်ကို ဝံပုလွေတစ်ကောင်ရဲ့ဗိုက်ထဲကနေ ဆွဲဖြဲထုတ်လိုက်တယ်၊ ညီအစ်မတွေက ရွှေဖိနပ်တစ်ဖက်ထဲ ညှစ်ထည့်ဖို့ သူတို့ရဲ့ ခြေထောက်ကို လှီးဖြတ်လိုက်ကြတယ်။ ၁၉ ရာစု အစောပိုင်း ကာလတွေမှာ ညီအစ်ကိုတွေဖြစ်တဲ့ ဂျက်ကော့ဘ်နဲ့ ဝီလျှံ ဂရင်းမ်းတို့က လက်ရှိ ဂျာမနီတစ်ဝိုက်မှာ ပျံ့နှံ့နေတဲ့ ဇာတ်လမ်းတွေကနေ အသည်းထိတ်စရာ သွေးစွန်းဖွယ် အသေးစိတ်တွေကို စုဆောင်းခဲ့ကြတာပါ။ ကလောဒီယာ ရွှာဘီကနေပြီး ကမ္ဘာတစ်ဝှမ်း ပျံ့နှံ့သွားချိန်မှာ ယခုအခါ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဒီပုံပြင်တွေ ဆင့်ကဲပြောင်းလဲလာပုံကို စူးစမ်းထားတာပါ။
[Skirmanta Jakaitė က ရိုက်ကူးပြီး Jack Cutmore-Scott က ဇာတ်ကြောင်းပြောက Cem Misirlioglu၊ Brooks Ball က တေးဂီတကို ဖန်တီးထားပါတယ်။ ]
