သင့်ရဲ့မြို့က မြို့တော်ဝန် ရွေးကောက်ပွဲ ကျင်းပနေပြီး လောင်းကြေးက ဘယ်တုန်းကမှ ဒီထက်ပိုပြီး မမြင့်ခဲ့ဖူးဘူး။ ရွေးကောက်ပွဲကို ပြောင်းလဲဖို့ ကိုယ်စားလှယ်လောင်းတစ်ယောက်က အချက်အလက် အမှားတွေကို ဇွတ်တင်ပြမယ်လို့ သင် သံသယရှိနေတယ်။ ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူတစ်ယောက်အနေနဲ့၊ သင့်ရဲ့အလုပ်က မြို့သူမြို့သားတွေကို အချက်အလက်အမှားတွေကနေ ကာကွယ်ပေးဖို့ပါ။ ပထမဆုံး၊ သင်ဟာ လုပ်ကြံသတင်း သတင်းတုတွေရဲ့ နည်းဗျူဟာတွေကို လေ့လာရမှာပါ။ Claire Wardle ကနေပြီး လုပ်ကြံသတင်း လှုံ့ဆော်မှုတွေရဲ့ နည်းဗျူဟာတွေကို စူးစမ်းထားတာပါ ။ [Gavin Edwards က ရိုက်ကူးကာ Susan Zimmerman က ဇာတ်ကြောင်းပြောပြီး Stephen LaRosa က တေးဂီတကို ဖန်တီးထားတာပါ။ ]

