သင့် စမတ်ဖုန်းဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ။
1,679,373 plays|
Christopher Soghoian |
TEDSummit
• June 2016
သင်အသုံးပြုတဲ့ စမတ်ဖုန်းဟာ ကိုယ်ရေးကိုယ်တာ အကြိုက်တစ်ခုထက် ပိုပြီး ထင်ဟပ်စေပါတယ်။ သင့်ကို နီးနီးကပ်ကပ် ခြေရာခံလိုက်နိုင်ရေး အတွက် သုံးရန် ဆုံးဖြတ်နိုင်ပါတယ်။ တစ်ကိုယ်ရေ သီးသန့်ဖြစ်မှု ကျွမ်းကျင်ပညာရှင် TED ဝိုင်းတော်သား Christopher Soghoian ကနေပြီး Apple နဲ့ Android ကိရိယာတွေမှာ သုံးထားတဲ့ စကားဝှက်ရေးသွင်းမှု အကြားက သိသာလှတဲ့ ခြားနားချက်ကို အသေးစိတ်တင်ပြထားပြီး တိုးပွားလာနေတဲ့ ဒစ်ဂျစ်တယ် လုံခြုံမှုဆိုင်ရာ ခွဲခြားမှုကို သတိပြုကြဖို့ တိုက်တွန်းထားပါတယ်။ သူပြောတာက "အစိုးရဲ့ စူးစိုက်ကြည့်ခြင်းကနေ ကာကွယ်နိုင်သူတွေဟာ ချမ်းသာပြီး အာဏာရှိသူတွေပဲဆိုရင် ဒါဟာ ပြဿနာတစ်ရပ်ပါ။ ဒါဟာ ဆိုက်ဘာလုံခြုံရေး ပြဿနာတစ်ခုသက်သက် မဟုတ်ပါဘူး၊ ဒါဟာ အများပြည်သူ ရပိုင်ခွင့် ကိစ္စရပ်တစ်ခုပါ"တဲ့။
