လက်ဟန် ဘာသာစကားရဲ့ နှစ်သက်ကြည်နူးဖွယ် ဂီတ။
အနုပညာရှင် Christine Sun Kim ဟာ မွေးရာပါ နားမကြားသူပါ။ အသံဆိုတာဟာ သူ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘဲ ဒါက ကြားနေတဲ့ လူတစ်ဦးရဲ့ အရာလို့ ယုံကြည်ဖို့ သူ့ကို သင်ကြားပေးခဲ့တယ်။ သူ့အအနုပညာကနေ American Sign Language နဲ့ ဂီတ အကြားမှာရှိတဲ့ တူညီမှုတွေကို သူ ရှာဖွေတွေ့ရှိခဲ့ပြီး အသံဆိုတာက နားတွေချည်းသက်သက်ကနေ သိဖို့ မလိုဘဲ စိတ်ကူးတစ်ခုအနေနဲ့ ခံစားနိုင်၊ မြင်နိုင်၊ တွေ့ကြုံနိုင်တယ်ဆိုတာကို သိရှိနားလည်ခဲ့တယ်။ ဒီချစ်စရာကောင်းတဲ့ ဟောပြောချက်ထဲမှာ သူကနေပြီး ကျွန်ုပ်တို့ရဲ့ မျက်လုံးတွေ၊ နားတွေကို ဖွင့်ပြီး အမြင်ပိုင်း ဘာသာစကားရဲ့ ကြွယ်ဝတဲ့ ရတနာသိုက်ထဲမှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ကြားလိုက်ပါတယ်။
